ကွန်ပျူတာနည်းပညာများ

Softwares Dwonload

Website ပြုပြင်ရာများ
Powered by Blogger.
Thursday, 2 June 2011
Windows ထဲမှချက်တင်လုပ်ခြင်း
ဒီ ကွန်ဗာဖေးရှင်း ဆောဖ်ဝဲလ်လေးက Window XP မှာ အစကတည်းက ပါလာပြီးသားပါ..။
အားလုံးလဲ သိပြီးသားဖြစ်ကြပါလိမ့်မယ်...winchat.exe ပါ...။
သူက အင်တာနက် ကွန်နက်ရှင် မရှိတဲ့ wordgroup တွေမှာ တော်တော်အသုံးဝင်ပါတယ်..။
ဒါပေမယ့် သူက peer to peer system ပုံစံမျိုးမို့ Netmeeting လို ကိုယ်စကားပြောချင်တဲ့ကွန်ပြုတာရဲ့ နာမည်နဲ့ အိုင်ပီကို သိထားရမယ့်အပြင်
သူ့ ကွန်ပြုတာ ဘက်ကလည်း winchat software ကို ဖွင့်ထားမှ အဆင်ပြေတာမို့ လူကြိုက်နည်းပြီး မေ့ကုန်ကြတာလည်း ဖြစ်နိုင်ပါတယ်..။
ဒါပေမယ့် တကယ့် အရေးရယ် အကြောင်းရယ်ဆို အလွန်အားကိုးရတဲ့ တမန်တော်လေးပါပဲ....။
ကျွန်တော် အဲဒီ့ဆောဖ်ဝဲလ်လေးကို မှတ်မှတ်ရရ WindowXP မြန်မာမှာ စသုံးပြီး ၄လလောက်မှာ သူငယ်ချင်းတွေနဲ့ စတွေ့ ခဲ့တာ..အဲဒီ့တုန်းကတော့ MIRC တွေ စခေတ်စားနေချိန်လေ....။
ဘာမှ install လုပ်စရာမလိုပါဘူး...။
* Start မီနူးထဲက run box ထဲမှာ winchat လို ရိုက်ထည့်ပီး Ok ကို နှိပ်လိုက်ပါ..။
* Conversation အောက်မှာ Dial ,Answer,Hang up ရယ် ရှိပါတယ်...။
* Dial ကိုနှိပ်လိုက်ရင် select Computer ဆိုပြီးကျလာပါလိမ့်မယ်..။
* Computer ဆိုတဲ့ အကွက်မှာ ကိုယ်ခေါ်ချင်တဲ့ သူသုံးနေတဲ့ Computer name ဒါမှမဟုတ် အိုင်ပီကို ထည့်ပီး ခေါ်လိုက်ရင် သူ့ စက် မှာ ဖုန်းသံ ring မြည်လာပါလိမ့်မယ်..။
* သူက Answer ပြန်လုပ်မယ်ဆိုရင်တော့ အားလုံး OK ပေါ့...။
1. Dial က သူများကို စခေါ်မယ်ဆိုရင် သုံးတာပါ...။
2. Answer က ကိုယ့်ကို လာခေါ်တဲ့သူကို ပြန်ခေါ်မှာပါ..။
3. Hang up က တော့ အားလုံး သိကြတဲ့ အတိုင်း လက်ရှိပြောနေတဲ့သုနဲ့
ဆက်မပြောတော့တာပါ...။
အရင်ဆုံး Netmeeting ရဲ့  ဆားဗစ်တွေတော့ဖွင့်ထားပေးဖို့ လိုမယ်နော်.. ။

Subscribe to:
Post Comments (Atom)
test facebook like
Feedback
ZawGyi Font

My Archive
- 10/02 - 10/09 (1)
- 07/17 - 07/24 (1)
- 06/19 - 06/26 (1)
- 06/12 - 06/19 (7)
- 06/05 - 06/12 (1)
- 05/29 - 06/05 (31)
Lipsum
Followers
0 comments:
Post a Comment