ကွန်ပျူတာနည်းပညာများ

Softwares Dwonload

Website ပြုပြင်ရာများ
Powered by Blogger.
Thursday, 2 June 2011
Hacker ဆိုတာ ဘာလဲ part{2}
hacking လုပ်သည့်နေရာတွင် တစ်ဦးတစ်ယောက်လုပ်ခြင်းထက် အ များနှင့်
ပူပေါင်းပြီး လုပ်လျှင် ပိုပြီး အ ကျိုးရှိသည်။ ထို့ကြောင့် Ethical hacking တွင် Hacker
များစုဖွဲ့ပြီး TEAM တစ်ခုအ နေဖြင့် လုပ်ဆောင်ရသည်။ ၎င်းတို့သည် အ ချိန်တိုင်း မိမိ
ကိုင်တွယ်ရသော System အား လိုအ ပ်ချက်များကိုရှာဖွေပြင်ဆင်ရသည်။
တိုက်ခိုက်ခြင်းမျိုးစုံ ရှိသည့်အ တွက် အားလုံးကိုသိရှိရန်မှာမဖြစ်နိုင်ပေ။မိမိhacking
အ ဖွဲ့တွင် လုပ်ကိုင်သောသူများသည် အောက်ဖော်ပြပါ ပညာရပ်များကို တစ်ဦး
တစ်ယောက်ခြင်း အ သေအ ချာတတ်မြောက်ရန်လိုအ ပ်သည်။
· Programming
· Webdeveloping
· Software Crackers
· Web Hackers
· Network security groups
· system admin groups
· database Hackers
· crytoanalizer
၎င်းပညာရပ်များ အားလုံးကို သိရှိရန် မလိုပေ။ သို့သော် general knowledge
သိရှိရမည်။ မိမိ Hacker အဖွဲ့တွင် လူတစ်ယောက်စီ ပညာတစ်ခုစီကို
သေသေချာချာတတ်မြောက်ရန်လိုအပ်သည်။
Hacker တစ်ယောက်အောင်မြင်စွာပြုလုပ်နိုင်ရန်အတွက်လိုအပ်ချက်များစွာရှိသည်။
မိမိ ၀င်ရောက်လိုသော နေရာ၏ data အပြည့်အစုံကိုသိရှိအောင် အရင်ဆုံးပြုလုပ်ရမည်။
IP address
မိမိဝင်ရောက်ရမည့် Computer ၏ address
Hostname
မိမိ ၀င်ရောက်ရမည့် Computer ၏ နာမည်
Software
၎င်း Computer တွင်အသုံးပြုသော Software များ
Firewall rules
Network ၏ လုံခြုံရေးအတွက်အသုံးပြုထားသည်များ
Phone Numbers
ဖုန်းနံပါတ်
Employee names
အလုပ်သမားများ ၏ အကြောင်းအရာများ
မိမိတို့သိလိုသော အချက်များစွာကို Internet မှ များစွာအကူအညီပေးနိုင်သည်။
သင်hacking လုပ်လိုသော နေရာ၏ data ၆၀% ကို internet မှရှာနိုင်ပါသည်။
၎င်း၏ company နှင့်ပတ်သက်သော ဖုန်းနံပါတ် ၊ IP address ၊ Firewall ၊ အလုပ်သမား
ဦးရေ ၊ company စတင်တည်ထောင်သောနေ့ ၊ company ၏ ပိုင်ရှင် အမည်များ ၊
company ချိတ်ဆက်ထားသော တခြားNetwork များ၊ company ၏ထုတ် ကုန်များစသည့်
သတင်းအချက်အလက်များကိုအကျိုးရှိရှိ အသုံးချရမည်ဖြစ်သည်။
hacking ပြုလုပ်ရန်အတွက်အသုံးပြုသော Tools များ
1. Google (အကြောင်းအရာများစွာကို ရှာနိုင်သည်။)
2. Google Earth (Network ချိတ်ဆက်ခြင်းများကို ကြည့်ရှုရန်)
3. Nmap (IP အddres များကိုကြည့်ရှုရန်)
4. John The Ripper (Password များကိုကျော်နိုင်ရန်)
5. Lan Guard (မိမိ၏ Network ကို စောင့်ကြည့်ရန်)
6. Pwdump 6 (Password များကိုချိန်းရန်)
7. Firebug (website များမှပြင်ပြီး server ထဲသို့ဝင်ရန်)
8. Java ( Mysql ကိုပြင်ဆင်ရန်)
9. putty (တခြား Computer ထဲသို့ ၀င်ရောက်ရန်)
၎င်း တို့ဖြင့်စတင်စမ်းသပ် အသုံးပြုကြပြီး မိမိတို့၏ ဥာဏ်ရည်ဥာဏ်သွေးအရ
ဆက်လက်အကောင်အထည်ဖော်ကြည့်သင့်သည်။Tools များ၏ အလုပ်လုပ်ပုံကို သေချာ နား
လည်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။Tools များ၏ အားနည်းချက်များကို သိထားရမည် ဖြစ်
သည်။ Tools များကိုသုံးလျှင် ၎င်းတို့၏ သုံးစွဲပုံ အကြောင်းကို သေချာဖတ်ကြည့်ရမည်။
Tools များကိုရွေးချယ်ရာတွင်-
1. Document ကောင်းသောTools
2. Support အမြဲပေးသော Tools
3. Commecial ကျသော Tools များကိုလည်းရွေးတတ်ရမည်ဖြစ်သည်။
ဘယ်လို Tools ကိုပဲသုံးသုံး ၎င်းတို့၏ Limit များကိုသိရှိထားရမည်။တချို့ Tools
များသည် အမြင်ကောင်းပေမယ့် မထိရောက်သော Tools များလည်းရှိသည်။ Error
များတတ်နေတတ်သည်။ တချို့ Tools များမှာ Error များရှိသော်လည်း မိမိလိုချင်
သောပန်းတိုင်ကို ရောက်အောင်ပို့ပေးနိုင်သည်။ Tools များတွင် Opensource များရှိ
သည်။ Open source ဟူပြီး အထင်သေးလို့မရ ။ ၀ယ်သုံးရမည့် Tools ဆိုလျှင်
ဝယ်သုံးသင့်သည်။ ၀ယ်သုံးရာတွင် ဈေးနဲနဲ နှင့် အကောင်းဆုံးသုံးနိုင်သော Tools
များကို သတိထားပြီး ၀ယ်သုံးသင့်သည်။
Hacker တစ်ယောက်သည် မိမိလုပ်သောအလုပ်အား အောက်ပါအတိုင်း ဇယားတစ်ခုဆွဲ
ထားရန် လိုအပ်သည်။
· မည်သည့် Tools ကိုအသုံးပြုသည်
· မည်သည့် အတွက်ပြုလုပ်သည်
· ဘယ်အချိန်မှာစတင်လုပ်သည်
· ဘယ်အချိန်မှာ ပြီးစီးသည်
သင်သည် တတ်နိုင်လျှင် သင်လုပ်သမျှကို Video Capture နှင့် အသံများကအစ
Recording လုပ်ထားရမည်။ ထိုမှသာ သင်လုပ်သော အရာများကို သူတစ်ပါးမှ
လာရောက်အပြစ်တင်လျှင် ပြန်လည်ချေပနိုင်မည် ဖြစ်သည်။

Subscribe to:
Post Comments (Atom)
test facebook like
Feedback
ZawGyi Font

My Archive
- 10/02 - 10/09 (1)
- 07/17 - 07/24 (1)
- 06/19 - 06/26 (1)
- 06/12 - 06/19 (7)
- 06/05 - 06/12 (1)
- 05/29 - 06/05 (31)
Lipsum
Followers
0 comments:
Post a Comment